ဂူဝသွားအမှတ်တရ

ဂူဝသွားအမှတ်တရ
ပညာမြို့တော်

ဗဟုသုတ

Saturday, September 17, 2011

ငါးနှစ်ကျော်ကြာကြည့်ရူခွင်မရခဲ့သော वेब्सित များကိ

ငါးနှစ်ကျော်ကြာ ကြည့်ရှုခွင့် ကန့်သတ် (Access has been denied) ထားရာမှ လွန်ခဲ့သော ရက်သတ္တပတ်အတွင်းက ပြန်လည်ကြည့်ရှုခွင့် ရရှိလာသော Webiste အချို့မှာ ယနေ့ စက်တင်ဘာ ၁ ရက်နေ့တွင် မူရင်းအနေအထားအတိုင်း ပြန်လည် ရောက်ရှိကာ ကြည့်ရှု၍ မရတော့ကြောင်း ပြည်တွင်းရှိ အင်တာနက်သုံးစွဲသူများက The Voice Weekly သို့ ပြောကြားသည်။

ပြည်ပသတင်း မီဒီယာဆိုက်များ အပါအဝင် ပြည်တွင်း အင်တာနက် သုံးစွဲသူများအတွက် အကျိုးရှိနိုင်မည့် Website နှင့် အွန်လိုင်းဝန်ဆောင်မှုအချို့ကို MPT ISP မှ စတင်ဖွင့်လှစ်ပေးခဲ့ပြီး ရက်ပိုင်းအတွင်း Bagan Telepot ISP မှ အင်တာနက်ဝန်ဆောင်မှု ရယူသုံးစွဲသူများလည်း ကြည့်ရှုခွင့် ရရှိခဲ့သည်။ ယခင်က တိုက်ရိုက် အသုံးပြုနိုင်ခြင်း မရှိခဲ့သည့် ပြည်ပသတင်းမီဒီယာများ ဖြစ်သော VOA (www.voaburmese.com) ၊ RFA (www.RFA.com), မဇ္ဈိမ (www.mizzimaburmese.com), ဧရာဝတီ (www.irrawaddy.org/bur/) စသည့် Website များနှင့် ကမ္ဘာကျော် Twitter, Youtube, Blogger စသော အွန်လိုင်း ဝန်ဆောင်မှုဆိုက်များကို 24.8.2011 မှ 1.9.2011 အထိ ရက်ပိုင်းမျှ ပြန်လည် အသုံးပြုခွင့် ရရှိခဲ့ပြီး ယခုအခါ Youtube နှင့် Twitterတို့မှ လွဲ၍ ကျန်ဆိုက်များ အားလုံးလည်း အသုံးပြုခွင့် ပြန်ပိတ်သွားပြီ ဖြစ်သည်။

" ခု လောလောဆယ်တော့ ကြည့်ခွင့်ပေးထားတဲ့ Website တွေအားလုံး ကြည့်လို့မရတော့ဘူး၊ Access Denied ပြန်ဖြစ်သွားတယ်၊ Youtube ကိုတော့ ကြည့်လို့ရနေသေးတယ် " ဟု MPT ISP မှ ADSL လိုင်းဖြင့် အင်တာနက် ရယူအသုံးပြုနေသူ ကမာရွတ်မြို့နယ် လှည်းတန်း၊ မင်္ဂလာလမ်းရှိ ဝင်းဆေးခန်းမှ ဒေါက်တာ လှကျော်က ဆိုသည်။

အဆိုပါ ရက်ပိုင်းအတွင်းက ယင်းကဲ့သို့ အွန်လိုင်းဝန်ဆောင်မှု Website များ ပြန်လည်ကြည့်ရှုခွင့် ရရှိခဲ့ခြင်းအပေါ် ပြည်တွင်းရှိ အိုင်တီပညာရှင်များနှင့် သုံးစွဲသူများက ဝမ်းမြောက်ကြိုဆိုကြကြောင်း Facebook လူမှုကွန်ယက် စာမျက်နှာများတွင် ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

" တိုက်ရိုက်အသုံးပြုလို့ ရနေတာကနေ အခုပြန်ပိတ်သွားတော့ နားမလည်နိုင်ဘူး ဖြစ်သွားတယ်။ ဒီလိုမျိုးဖွင့်ပေးထားလို့ ပြဿနာမရှိလောက်ဘူးလို့ ကျွန်တော်တော့ ထင်တာပဲဗျ " ဟု ရန်ကုန်မြို့ရှိ လူစည်ကားရာ နေရာလေးငါးနေရာတွင် အင်တာနက်ဆိုင် ဖွင့်လှစ်ထားသူ တစ်ဦးက ပြောကြားသည်။

No comments:

Post a Comment

အားလုံးမင်္ဂလာပါ