ဂူဝသွားအမှတ်တရ

ဂူဝသွားအမှတ်တရ
ပညာမြို့တော်

ဗဟုသုတ

စပ်မိစပ်ရာ ကွန်ပျုတာအကြောင်း


ဒီကနေ့ သူငယ်ချင်းတစ်ယောက်ပို့လာတဲ့ newsletter ထဲမှာ အကြောင်းအရာလေးတစ်ခုက ကျမအတွက် စိတ်ဝင်စားစရာ ကောင်းတယ်လေ။ အဲဒါကတော့ ကွန်ပျုတာအကြောင်း အတိုအတွာလေးပါ။ လူတိုင်း သတိမထားမိ တဲ့အရာလေးပါ။ ကျမလဲ ကွန်ပျုတာသုံးတာ ကြာပြီ တခါမှ သတိမထားမိဘူး။ ဖတ်ကြည့်ပြီး စမ်းသပ်ကြည့်တော့မှပဲ အော်ဟုတ်သားပဲ။ ကိုယ်နေ့စဉ်သုံးပြီး မသိသေးတာအများကြီးပါပဲလားလို့ တွေးနေ မိတယ်။

အဲဒါကတော့ ကွန်ပျုတာ keyboard ပေါ်က Prt Sc SysRq သို့မဟုတ် Print Screen Key အကြောင်းလေး ပါပဲ။ print လို့တွေ့တာနဲ့ လူတွေက ဒါကိုနှိပ်လိုက်ရင် တခါတည်း print out ဖြစ်သွားမယ်လို့ ထင်ကောင်း ထင်မယ်။ ဒါပေမယ့် နှိပ်တိုင်းလဲ print out မဖြစ်ပါဘူး။ ဒါပေမယ့် သင်ဟာ DOS သုံးတဲ့လူဖြစ်မယ်ဆိုရင် print out ဖြစ်တယ်လို့ အဲဒီ newsletter ထဲမှာပြောထားတယ်။ အဲဒီ DOS အကြောင်းတော့နားမလည်ဘူး။ လောလောဆယ်ကျမစက်ကတော့ ဘာ printer နဲ့မှမဆက်ထားတော့ ဘာမှပြဿနာမရှိဘူး။ ရေးထားတဲ့ အတိုင်း စမ်းကြည့်တာ အောင်မြင်တယ်။

အဲဒီ Print Screen Key လေးရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ သင့်ရဲ့ကွန်ပျုတာစာမျက်နှာကို ဓါတ်ပုံရိုက် လိုက်တာပဲ ဖြစ်တယ်။ မယုံရင်စမ်းကြည့်ရအောင်။ အဲဒီ Key လေးကို နှိပ်လိုက်ပါ။ ပြီးရင် Microsoft word စာမျက်နှာကို ဖွင့်လိုက်ပါ။ ဖွင့်ပြီးရင် cursor (စာရိုက်ဖို့ရန်အတွက် မျဉ်းကြောင်းမိတ်တုတ်မိတ်တုတ်) ပေါ်လာတာတွေ့မယ်။ အဲဒီ မျဉ်းကြောင်းပေါ်တဲ့အချိန်မှာ control v သို့မဟုတ် Ctrl+v ကိုနှိပ်လိုက်ပါ။

သင်ခုနကရွေးချယ်ဓါတ်ပုံရိုက်လိုက်တဲ့ စာမျက်နှာလေးက အဲဒီ Microsoft word စာမျက်မှာပေါ်မှာ ပေါ်လာပါလိမ့်မယ်။

ပျော်ရွှင်ချမ်းမြေ့ပါစေ။