ဂူဝသွားအမှတ်တရ

ဂူဝသွားအမှတ်တရ
ပညာမြို့တော်

ဗဟုသုတ

Friday, September 16, 2011

စပ်မိစပ်ရာ ကွန်ပျုတာအကြောင်း


အခု ရှင်းပြမယ့် အကြောင်းအရာကတော့ Gateway ဆိုတဲ့ Device အကြောင်းပဲဖြစ်ပါတယ်။ Gateway ဆိုတာကလည်း Networking Device တစ်ခုပဲဖြစ်ပါတယ်။ Gateway
ဆိုမှတော့ ထွက်ပေါက်ကြီးပဲ မဟုတ်လား။ Gateway ကိုအသုံးပြုရတဲ့ ရည်ရွယ်ချက်ကတော့ မတူညီတဲ့ ကွန်ရက်တွေမှာ Network ထွက်ပေါက်ရချင်လို့ပါ။ အခုကျွန်တော်က
ကွန်ရက်နဲ့ သက်ဆိုင်တဲ့ Gateway Device အကြောင်းကို ပြောပြချင်တာပါ။ Gateway ဆိုတာကတော့ မတူညီတဲ့ Network System နှစ်ခု (or) Software တွေကို ဆက်သွယ်
ပေးနိုင်တဲ့ Software Interface (သို့) Hardware Interface(ကြားခံ)တစ်ခုဖြစ်ပါတယ်။ Software Interface ဆိုတာက မတူညီတဲ့ Network နှစ်ခု (Class မတူညီတဲ့
Network နှစ်ခု) ကို ချိတ်ဆက်ချင်ရင် Gateway Service ကို Run ပြီးတော့ ချိတ်ဆက်နိုင်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် Gateway Server ထိုင်ပြီးအသုံးပြုတာကိုပြော
ချင်တာပါ။ ဒါပေမယ့် အခုကျွန်တော်က အဲဒီ Gateway Server ကို ပြောချင်တာ မဟုတ်ပါဘူး။ အခု ပြောချင်တာက Hardware Gateway (Gateway Device )အကြောင်းကို
ပြောချင်တာပါ။ တကယ်တော့ Gateway ဆိုတာ မတူညီတဲ့ Network Architecture နှစ်ခု (သို့) မတူညီတဲ့ Data Format နှစ်ခုကြားမှာ Information တွေကို ဘာသာပြန်ပေး
နိုင်တဲ့ ရှုပ်ထွေးနက်နဲတဲ့ Networking Device တစ်ခု ဖြစ်ပါတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် Gateway ဟာ TCP/IP Protocol ကို အသုံးပြုထားတဲ့ LAN တစ်ခုနဲ့ SNA
(Systems Network Architecture) ကို အသုံးပြုတဲ့ IBM Mainframe System တို့ကြားမှာ ဆက်သွယ်မှုလုပ်ပေးနိုင်ပါတယ်။ ၎င်းအပြင် Microsoft Mail တွေကို Internet
ပေါ်မှာ Transmission လုပ်ဖို့အတွက် SMTP (Simple Mail Transport Protocol) တွေအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ Gateway Device ဆိုတာဘယ်လိုအရာကြီးလဲ....
........အောက်မှာ ပုံလေးနဲ့ပြထားပေးပါတယ်။
Gateway နဲ့ Router မှာကွာခြားချက်တွေရှိပါတယ်။ Router တွေဟာ OSI Model ရဲ့ Layer 3 (Network Layer) မှာ အလုပ်လုပ်တာဖြစ်ပြီး မတူညီတဲ့ Network
Architecture (ဥပမာ Ethernet and Token Ring) တွေပေါ်မှာ တူညီတဲ့  Protocol တွေကို အသုံးပြုထားမယ်ဆိုရင် ၎င်း Network တွေမှာ ၎င်း Packet တွေကို Route
လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် Gateway ကျတော့ မတူညီတဲ့ Packet တွေကိုမတူညီတဲ့ Network Architecture တွေမှာရော၊ မတူညီတဲ့ Protocol တွေမှာပါ Packet တွေကို
Route လုပ်ပေးနိုင်ပါတယ်။ Router တွေဟာ Data တွေကို မတူညီတဲ့ Frame တွေအဖြစ် ပြန်လည်ထုတ်ပိုးနိုင်တယ်။ Gateway ကကျတော့ ၄င်းအပြင် Data ရဲ့ တကယ့်
Format ကိုပါ Change ပစ်လိုက်နိုင်ပါတယ်။ Gateway တွေဟာဆိုရင် PC (Personal Computer) တွေကနေ Mainframe Computer တွေအထိ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။
အချို့ Gateway အမျိုးအစားအများစုကိုတော့ သေးငယ်တဲ့ Network တွေမှာ တွေ့ရတတ်ပါတယ်။ Gateway  တွေဟာ NetBEUI (or) TCP/IP နဲ့ Apple Talk တွေကြားမှာ
Translating တွေအားလုံးကို Handle (ထိန်းချုပ်)နိုင်ပါတယ်။ Packet တွေဟာ Gateway ဆီကို ရောက်လာတဲ့အခါမှာ Raw Data ကလွဲလို့ အားလုံးသော  Networking
Information တွေကို ဖယ်ရှားလိုက်ပါတယ်။ ပြီးတော့မှ Gateway ဟာ Data တွေကို ဘာသာပြန်၊ ပုံစံအသစ် New Format ပြုလုပ်ကာ OSI အလွှာအတိုင်းပြန်ဆင်းပြီး ပေးပို့ရ
မယ့် Computer (Destination Computer) ရဲ့ Network Protocol ကို အသုံးပြုပြီး ပြန်ပို့ပေးပါတယ်။ အောက်မှာ ပုံနှင့်တကွ ဖော်ပြထားပါတယ်။


Gateway
ဟာ Data တွေကို Translate လုပ်တဲ့အခါမှာ ယေဘုယျအားဖြင့် OSI Model ရဲ့ Upper Layer တွေမှာ အလုပ်လုပ်တာ များပါတယ်။ များသောအားဖြင့်တော့
Application Layer ပေါ့။ ဒါပေမယ့် အချို့ Gateway တွေကျတော့ Network Layer နဲ့ Session Layer တွေမှာ Translate လုပ်နိုင်ပါတယ်။ Gateway မှာ ကောင်းတဲ့အချက်
တွေရှိသလို၊ မကောင်းတဲ့အချက်တွေလည်း ရှိပါတယ်။ ကောင်းတဲ့အချက်တွေကတော့ လုံးဝမတူညီတဲ့ System တွေကို ချိတ်ဆက်ပေးနိုင်ခြင်း၊ လုပ်ငန်းတစ်ခုကိုပဲ ရည်ရွယ်ပြီးတော့
၎င်းလုပ်ငန်းကိုကောင်းစွာ အလုပ်လုပ်နိုင်ခြင်းတို့ ဖြစ်ပါတယ်။ Gateway ရဲ့ မကောင်းတဲ့အချက်တွေကတော့ အခြား Device တွေထက် ကုန်ကျစရိတ်ပိုများတယ်။ Install လုပ်ဖို့နဲ့
Conifgure လုပ်ဖို့အတွက် ပိုပြီး ခက်ခဲတယ်၊ အခြား Device တွေထက် နှေးကွေးတယ်။ စတာတွေပဲ ဖြစ်ပါတယ်။
အစကတော့ လူတွေက အကျင့်တွေ ကိုလုပ်တယ် နောက်တော့ အကျင့်တွေက လူတွေကိုပြန်လုပ်သွားတယ် အကျင့်တွေကလူတွေကို ပြန်လုပ်တဲ့အချိန်မှာ သင့်ဆီမှာကောင်းတဲ့အကျင့်လေးတွေရှိနေစေချင်ပါတယ် အရာရာအားလုံးဟာ အလေ့အကျင့်ကနေ အလေ့အထဆီသို့ ကူးပြောင်းသွားတတ်မြဲပါ ဒါကြောင့် သန်ရာသန်ရာကို အလေ့အထ ဖြစ်အောင်များများလေ့ကျင့်ပါ မျှော်လင့်ချက်တွေရှင်သန်ပါစေ အာကာဖြိုး

No comments:

Post a Comment

အားလုံးမင်္ဂလာပါ